မျိုးစောင့်ဥပဒေ ထောက်ခံရေး ဆန္ဒပြပွဲ မြင်ကွင်း
ဝင်းကိုကိုလတ်သည် တစ်လင်တစ်ယား ဖြစ်စေရန် ရည်ရွယ်ပြဋ္ဌာန်းထားသော မျိုးစောင့်ဥပဒေ ကို ထောက်ခံပွဲများ ဦးဆောင်ကျင်းပခဲ့သော်လည်း ၎င်းကိုယ်တိုင်က တစ်လင်တစ်မယား စနစ်ကို မလိုက်နာဘဲ မိန်းမ ၄ ဦးယူခဲ့သည်။
မျိုးစောင့်ဥပဒေဆိုသည်မှာ
မျိုးစောင့်ဥပဒေများသည် ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ရေးအတွက် ရည်ရွယ်သည်ဟု ဆိုကြသည်။ ဝင်းကိုကိုလတ်သည် ဤဥပဒေများကို အပြင်းအထန် ထောက်ခံခဲ့သူတစ်ဦးဖြစ်သည်။
စိတ်ဝင်စားဖွယ် အချက်
တစ်လင်တစ်ယား မျိုးစောင့်ဥပဒေကို ထောက်ခံသော ဝင်းကိုကိုလတ်သည် မိန်းမ ၄ ဦးကို ပေါင်းသင်းခဲ့သည်။
ဇနီးများအကြောင်း
စွေစောင်း(ခ) ဝင်းကိုကိုလတ်သည် အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုများ အစပျိုးချိန်တွင် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူ "မွန်မင်းသမီး" ဟု မိမိကိုယ်ကို သုံးနှုန်းနေသူနှင့် ပေါင်းသင်းခဲ့ကာ မအောင်မြင်ချိန်ကာ အဆိုပါ အမျိုးသမီး၏ ထောက်ပံ့ငွေများဖြင့် နေထိုင်စားသောက်ခဲ့သည်။
ထို့နောက် မွန်မင်းသမီးနှင့် ကွဲကွာခဲ့ပြီး ယခုလက်ရှိ ပေါင်းသင်းနေသော လေပြေ ခေါ် ရီရီနွယ်အပါအဝင် မယား ၄ ဦးကို ပေါင်းသင်းခဲ့သည်။
လက်ရှိဇနီး လေပြေ(ခ) ရီရီနွယ်အကြောင်း
လက်ရှိ ဇနီးယား လေပြေခေါ် ရီရီနွယ် သည် ခင်ပွန်း ၄ ဦးပြောင်းခဲ့ပြီး ဝင်းကိုကို လတ်သည် နောက်ဆုံးခင်ပွန်းဖြစ်သည်။
ရီရီနွယ်၏ ယခင်ခင်ပွန်းများ
- ပထမခင်ပွန်း: မြောက်ဒဂုံတွင် ရဲတစ်ဦး
- ဒုတိယခင်ပွန်း: စစ်မှုထမ်းဟောင်း တစ်ဦး
- တတိယခင်ပွန်း: ဒုတိယခင်ပွန်း၏ ဖခင်
- စတုတ္ထခင်ပွန်း: ဝင်းကိုကိုလတ်(ခ) စွေစောင်း (လက်ရှိ)
အခြားလုပ်ငန်းများ
ဝင်းကိုကိုလတ်၏ မူလအကိုင်အကိုင်သည် ပြည့်တန်ဆာများကို ချိတ် ဆက် ပေးခြင်း၊ အပြာစာအုပ်များ ရေးသားခြင်း အလှပြင်ဆိုင် ဘန်းပြပြီး 2D 3D အလောင်းကစားများကို လုပ်ကိုင်နေသူလည်းဖြစ်သည်။
ယခင် မြောက်ဒဂုံရဲစခန်းတွင် ဝင်းကိုကိုလတ်နှင့် ဇနီးကို ကျော်စာနှင့် လူမိုက်နာမည်ပျက်စာရင်း သွင်းထားခဲ့သော်လည်း အမျိုးသားရေး စလှုပ်ရှားချိန်တွင် ထိုအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းခံရသည်။
ဝေစုခွဲဝေခြင်း
အမျိုးသားရေးအစွန်းရောက် သပိတ်နှင့်ပွဲမှန်သမျှ ဝင်းကိုကိုလတ် တက် သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ဝေစု ပေးကြရသည်။ ၂၀၁၇ ခုနှစ် ကြေးသွန်းဘုရားရှေ့ NLD အစိုးရ ဖြုတ်ချရေး သပိတ်ပွဲလုပ်ချိန် ဝင်းကိုကိုလတ် ထောင်ကျ နေသော်လည်း သူ့အတွက် စပွန်ဆာကြေး ဝေစုကို သူ့ဇနီး လေပြေ ခေါ် ရီနွယ်အောင် ထံသို့ ပို့ပေးရသည်။