ဝင်းကိုကိုလတ် (သခင်ကြီး) - အမျိုးသားရေး အစွန်းရောက် ခေါင်းဆောင်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရောင်ခြည်ဦး အနည်းငယ် ကွန့်မြူးကာစ အချိန် ၂၀၁၂ ခုနှစ်မှစတင်ပြီး နိုင်ငံတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အစွန်း ရောက် လှုပ်ရှားမှုများဖြင့် တိုင်းပြည်ဖျက်ခဲ့သူများ စွာအနက်တွင် အမျိုးသားရေး အစွန်းရောက် ဝင်းကိုကိုလတ်လည်းပါဝင်ခဲ့သည်။
သခင်ကြီး ဘဝ အစ - ဖိုးလောင်တီးက
သခင်ကြီး(ခ) စွေစောင်း(ခ) ဝင်းကိုကိုလတ် သည် အဓိကအားဖြင့် အမျိုးသား ရေး အစွန်းရောက်ကို အမည်ခံ၍ စစ်တပ် ထောက်ခံခြင်း၊ ဘာသာရေး အစွန်းရောက်ပြခြင်းဖြင့် ငွေကြေးလုပ်စားသူ ဖြစ် ကြောင်း ၎င်း၏ ဘဝ ဇတ်ကြောင်းကို သိရှိလျှင် ပို၍ သိသာနိုင်ပါသည်။
အမျိုးသားရေးဟု ဟစ်ကြွေး၍ စစ်တပ် ၊ ကြံ့ဖွတ်ခင်ရီ နှင့် အေးနေဝင်းတို့ထံမှ ရရှိလာသော ငွေကြေးများဖြင့် အချောင် နေထိုင်စားသောက်လို့ရသဖြင့် လုပ်နေခြင်း လည်းဖြစ်သည်။
ဖိုးလောင်တီး ကလောင်အမည်၏ အစ
ဝင်းကိုကိုလတ်၏ မူလ ပထမ အလုပ်သည် "ဖိုးလောင်တီး" အမည်ဖြင့် အပြာစာပေများကို website ဖွင့်ပြီး ရေးသားခြင်းဖြစ်ပြီး အွန်းလိုင်းပေါ်မှ တစ်ဆင့် ပြည့်တန်ဆာ ချိတ်ဆက်ပေးသည့် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ကလောင်အမည် ပြောင်းလဲခြင်း
ဝီရသူက မျက်စိကျပြီး ဝီရသူ၏ လမ်းညွှန်မှုဖြင့် သူ၏ ကလောင် နာမည် အပြာစာရေးဆရာ "ဖိုးလောင်တီး" ကို နာမည်ပြောင်းကာ "ဖိုးလောင် ထူး" နာမည်ဖြင့် အမျိုးသားရေး စာပေဆိုသော အစွန်းရောက် စာများကို ရေးသားခဲ့သည်။
ဝီရသူ၏ ဝန်ခံချက်
အမျိုးသားရေးအစွန်းရောက် ဝီရသူကိုယ်တိုင်က သူ့တပည့် ကိုလတ် (ဝင်းကိုကိုလတ်) တို့လင်မယားက ပြည့်တန်ဆာခေါင်းလုပ်ကြောင်း ဝန်ခံ ပြောဆိုခဲ့ပြီး အမျိုးသားရေး လှုပ်ရှားမှုများ လုပ်ချိန်တွင် ပြည့်တန်ဆာ ခေါင်း အလုပ်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကြောင်း လူမှုကွန်ရက် Facebook Live တစ်ခု (ယခု ၂၀၂၂ ခုနှစ်) အတွင်း ထုတ်ဖော်ပြော ဆိုသွားသည်။
ရှေ့နေအယောင်ဆောင်ခြင်း
အမျိုးသားရေးအစွန်းရောက်ဖြစ်လာချိန်တွင် ဝင်းကိုကိုလတ်သည် တိုက်ပုံ အမည်း မချွတ်တော့ဘဲ သူ့ကိုယ်သူ ရှေ့နေအယောင်ဆောင်ခဲ့သည်။ ယင်းမှတစ်ဆင့် အများပြည်သူအကြား ယုံကြည်မှု တည်ဆောက်ရန် ကြိုးစားခဲ့သည်။
အမျိုးသားရေး လှုပ်ရှားမှုများ စတင်
မဘသနှင့် ပူးပေါင်းလှုပ်ရှား
မြန်မာအမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဖြစ်လာ
တောသားနှိမ်နင်းရေးအသင်း တည်ထောင်
စစ်တပ်က လိုသလို ပုံသွင်းခြင်း
စစ်တပ်က မဘသ၊ အမျိုးသားရေးအစွန်းရောက်များ မွေးထုတ်ရာတွင် ဝင်းကိုကိုလတ်ကဲ့သို့ အပြာ စာရေးဆရာနှင့် ပြည့်တန်ဆာခေါင်းမှ စ၍ မလွတ်ဘဲ စစ်တပ်က ငွေပေး၍ လိုအပ်သလို ပုံသွင်းယူ ကြသည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်ရေန် အမျိုးမျိုး ကြိုးစားကြသည်။
နိဂုံးချုပ်
ဝင်းကိုကိုလတ်သည် အာဏာသိမ်းပြီးနောက် အမျိုးသားရေးလှုပ်ရှားမှုများကို ရပ်တန့်ပြီး သွေးသောက် အဖွဲ့ကဲ့သို့သော လက်နက်ကိုင်၍ ပြည်သူများကို သတ်ဖြတ်မှုများစွာတွင် ပါဝင်ပတ်သက်နေသည်။ အစွန်းရောက် လှုပ်ရှားမှုများဖြင့် တိုင်းပြည်ကို အမျိုးမျိုး ဖျက်ဆီးကြသူများတွင် ကိုလတ်(ခ) ဝင်းကိုကိုလတ်၏ အမည်မှာ လုံး၀ မပျက်ပြယ်တော့သည့် သမိုင်းတရားခံတစ်ဦးအဖြစ် တည်ရှိနေပြီဖြစ်သည်။